ရန်ကုန် သြဂုတ် ၆
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်အတွင်း ကိုဗစ်- ၁၉ ရောဂါ ကူးစက်မှုနှုန်း လျော့ကျစေရေးနှင့် ရောဂါကြိုတင်ကာကွယ်ရေးတို့အတွက် သန်လျင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့် သန်လျင်မြို့နယ် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ သြဂုတ် ၆ ရက် နံနက်ပိုင်းက မီးသတ်ယာဉ်ဖြင့် မြို့မစျေးကြီး အတွင်းအပြင်အား ပိုးသတ်ဆေးဖျန်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သန်လျင်မြို့နယ် မီးသတ်ဦးစီးဌာန ဒုတိယမီးသတ်ဦးစီးမှူး ဦးရဲလင်းထွန်း ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များက လူစည်ကားရာ မြို့မစျေး အတွင်း၊ အပြင်၊ သိမ်ကျောင်းလမ်း၊ လမ်မတော်လမ်းနှင့် ဗိုလ်ချုပ်နေဝင်းလမ်းတို့အား မီးသတ်ယာဉ်ဖြင့် ပိုးသတ်ဆေးများ လှည့်လည် ဖျန်းပေးခဲ့ကြောင်းနှင့် အဆိုပါ ပိုးသတ်ဆေးဖျန်းခြင်းအား သန်လျင်မြို့မစျေးကြီး စျေးတာဝန်ခံနှင့် စည်ပင်သာယာရေးဝန်ထမ်းများက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


