ရန်ကုန်၊ ၃၀ ဇန်နဝါရီ
ရန်ကုန်တောင်ပိုင်းခရိုင် သန်လျင်မြို့နယ်၌ နွေစပါးနှင့် ဆောင်းသီးနှံပဲတီစိမ်းအား GAP စနစ်ဖြင့် စိုက်ပျိုးထားရှိမှု များကို ဇန်နဝါရီ ၂၉ ရက်က ခရိုင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဆန်းထွန်းဝင်းနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့သည်။
ကွင်းဆင်းစစ်ဆေးရာတွင် ရန်ကုန်တောင်ပိုင်းခရိုင် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဆန်းထွန်းဝင်းနှင့် တာဝန်ရှိသူများက သန်လျင်မြို့နယ် ပုဂံထောင်ကျေးရွာနှင့် သူဌေးကွင်းကျေးရွာရှိ ဆောင်းသီးနှံ ပဲတီစိမ်း GAP စနစ်ဖြင့် စိုက်ပျိုးထားရှိမှုများအား ကြည့်ရှုစစ်ဆေးပြီး ပဲစိုက်တောင်သူများနှင့်တွေ့ဆုံကာ GAP နည်းစဉ်များဖြင့် ပဲတီစိမ်းစိုက်ပျိုးရေး နည်းပညာပေးခြင်းနှင့် စိုက်ပျိုးရေးဆိုင်ရာများအား ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် ခရိုင်ဦးစီးမှူး ဦးဆန်းထွန်းဝင်းနှင့် တာဝန်ရှိသူများက စစ်ပင်ကွင်းကျေးရွာရှိ နွေစပါးဘောင်ပျိုးစနစ်ဖြင့် စိုက်ပျိုးထားရှိမှုအား ကွင်းဆင်းစစ်ဆေးကာ လိုအပ်သည်များ ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ရန်ကုန်တောင်ပိုင်းခရိုင်အတွင်းရှိ သန်လျင်မြို့နယ်၊ ကျောက်တန်းမြို့နယ်၊ သုံးခွမြို့နယ်နှင့် ခရမ်းမြို့နယ်များတွင် ဆောင်းသီးနှံပဲတီစိမ်းများကို EU နိုင်ငံများသို့တင်ပို့သောကုမ္ပဏီများမှ တောင်သူများနှင့် အကျိုးတူပူးပေါင်း ဆောင်ရွက်လျက်ရှိရာ ပဲတီစိမ်းစိုက်ဧက ၃၅၀ဝ၀ဝ တွင် နှစ်စဉ်ပဲတီစိမ်းဧက ၄၀ဝ၀ဝ ကျော်အား GAP နည်းစနစ်များဖြင့် စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
သက်ခိုင် (သန်လျင်)


