ရန်ကုန် ၃ သြဂုတ်

 

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်၊ ငါးပြေမကျေးရွာတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ဦးစီးဌာနမှ ခွင့်ပြုငွေဖြင့် Hyper Myanmar Relieflnternational ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သည့် ကျေးလက်ဒေသရှိ ပြည်သူများ သန့်ရှင်းသော သောက်သုံးရေရရှိရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကို ဇူလိုင် ၁ ရက် မွန်းလွဲ ၂ နာရီက ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်နှင့် တာရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

 

ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်နှင့် ရန်ကုန်တိုင်းဒေသကြီး တိုင်းဒေသကြီး ဦးစီးမှူး ဦးကျော်လင်းသန်း၊ ခရိုင်ဦးစီးမှူး၊ မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများသည် ငါးပြေမကျေးရွာ ရေကော်မတီဝင်များနှင့် တွေ့ဆုံကာ ကျေးရွာအတွင်း သောက်သုံးရေ သန့်စင်စနစ်အား စဉ်ဆက်မပြတ် လည်ပတ်နိုင်ရေးနှင့် ရေရှည်စနစ်တကျ အသုံးပြုဆောင်ရွက်နိုင်ရေး လမ်းညွှန်မှာကြားခဲ့သည်။

 

ထို့နောက် သန်လျင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်နှင်းချိုမှ သန်လျင်မြို့နယ်အတွင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများအားလည်းကောင်း၊ Cash for Work တာဝန်ခံမှ စီမံကိန်းနှင့် ဆောင်ရွက်မည့်လုပ်ငန်းများအား ရှင်းလင်းတင်ပြရာ ညွှန်ကြားရေးမှူးချုပ်က ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

 

သက်ခိုင် (သန်လျင်)

 

mdn