ရန်ကုန်  ၁  ဇန်နဝါရီ

 

(၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် “လူငယ်နှင့် ငြိမ်းချမ်းရေး” စကားဝိုင်းဆွေးနွေးပွဲကို ဇန်နဝါရီ ၄ ရက်တွင် ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ် ဘုရားကုန်းကျေးရွာ ကြာကန်ဗိမာန်ခန်းမ၌ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ စကားဝိုင်းဆွေနွေးကို ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီဝင် ပြည်ထောင်စုကိုယ်စားလှယ် ကိုထက်ပိုင်စိုး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ သန်လျင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလွင်ကိုလတ်၊ သန်လျင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်တာဝန်ခံ မောင်ဝင်းကိုတို့က ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ မိတ်ဆက်ရှင်းလင်းခြင်းနှင့် “လူငယ်နှင့်ငြိမ်းချမ်းရေး” စကားဝိုင်းဆွေးနွေးပွဲကို ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။

 

အဆိုပါ စကားဝိုင်းဆွေးနွေးပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သန်လျင်မြို့နယ် လူငယ်လုပ်ငန်းအဖွဲ့မှ စီစဉ်ဆောင်ရွက်ခြင်းဖြစ်ပြီး မည်သူမဆို တက်ရောက်နိုင်ကြောင်း သိရသည်။

 

သက်ခိုင် (သန်လျင်)