ရန်ကုန် ၁၈ ဇွန်
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော အစိမ်းရောင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး (Green Growth) လုပ်ငန်း စီမံကိန်း (ဆင့်ပွား) သင်တန်းဖွင့်ပွဲကို ဇွန် ၁၈ ရက် နံနက် ၉ နာရီက ရန်ကုန်တောင်ပိုင်းခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲတွင် ရန်ကုန်တောင်ပိုင်းခရိုင် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးနေဝင်းအောင်က သင်တန်း အဖွင့်အမှာစကား ပြောကြားပြီး ရန်ကုန်တောင်ပိုင်းခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်အေးအေးကြူက အစိမ်းရောင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး (Green Growth) လုပ်ငန်းစီမံကိန်း ဆင့်ပွားသင်တန်း ဖွင့်လှစ်ရခြင်းအား ရှင်းလင်းပြောကြားကာ သင်တန်းနည်းပြမှ သင်တန်းမိတ်ဆက်စကား ပြောကြားသည်။
အဆိုပါ သင်တန်းဖွင့်ပွဲသို့ ရန်ကုန်တောင်ပိုင်းခရိုင် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌနှင့် ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ ရန်ကုန်တောင်ပိုင်းခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူးနှင့် မြို့နယ်ကျေးလက် ဦးစီးမှူးများ၊ သင်တန်းနည်းပြနှင့် သင်တန်းသား၊ သင်တန်းသူများတက်ရောက်ကြသည်။
သင်တန်းသို့ ရန်ကုန်တောင်ပိုင်းခရိုင် သန်လျင်၊ ကျောက်တန်း၊ ခရမ်း၊ သုံးခွ၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်း မြို့နယ်များရှိ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ သင်တန်းသား၊ သင်တန်းသူ ၁၄ ဦး တက်ရောက်ကြကာ သင်တန်းကာလမှာ တစ်ရက် သင်တန်းဖြစ်ကြောင်း သိရသည်။
သက်ခိုင် (သန်လျင်)


