ရန်ကုန် ၂၄  ဇန်နဝါရီ 

 

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့၊ ညောင်သုံးပင်ကျေးရွာ၊ ရထားလမ်း မိုင်တိုင်အမှတ် (၁၆/၇-၈) ကြားတွင် ဇန်နဝါရီ ၂၃ ရက် နံနက် ၉ နာရီ ၄၂ မိနစ် ခန့်က အမျိုးသားတစ်ဦး ရထားလမ်းဖြတ်ကူးစဉ် ရထားကြိတ်မိ သေဆုံးခဲ့ကြောင်း သန်လျင်မြို့မ ရဲစခန်းမှ သိရသည်။

 

ဖြစ်စဉ်မှာ သန်လျင်မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး စိုးဝင်းသည် စခန်းမှူးတာဝန် ထမ်းဆောင်နေစဉ် သန်လျင်မြို့ ညောင်သုံးပင်ကျေးရွာ ရထားလမ်း မိုင်တိုင်အမှတ် (၁၆/၇-၈) ကြားတွင် လူတစ်ဦး ရထားကြိတ်မိ သေဆုံးနေကြောင်း သတင်းအရ ရဲတပ်ဖွဲ့ဝင်များ သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ ရဲဝင်းသူ (ခ) အရီး အသက် (၂၆) နှစ်၊ ညောင်သုံးပင်ကျေးရွာ၊ သန်လျင်မြို့နေသူဖြစ်ပြီး မီးရထားသံလမ်းဖြတ်ကူးစဉ် သီလဝါဘက်မှ ရန်ကုန်ဘက်သို့ အင်ကြင်းအမှတ် (၂) အစုန် လူစီးလော်ကယ် မီးရထားဖြင့်ကြိတ်မိ သေဆုံးခဲ့ကြောင်း သိရသည်။

 

အဆိုပါ သေဆုံးသူအား သန်လျင်အထွေထွေဆေးရုံသို့ ပို့ဆောင်ကာ သန်လျင်မြို့မရဲစခန်းမှ အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

 

သက်ခိုင် (သန်လျင်)