ရန်ကုန် ၁၃ ဇန်နဝါရီ 

 

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်၊ စာရေးဆရာအသင်းမှ ကြီးမှူးကျင်းပသော စာပေဟောပြောပွဲ၊ ဆုပေးပွဲနှင့် စာပေပညာရှင်ကြီးများအား ကန်တော့ပွဲအခမ်းအနားကို ဇန်နဝါရီ ၁၂ ရက် ညနေ ၆ နာရီက သန်လျင်မြို့၊ မြို့သစ်အရှေ့ရပ်ကွက်၊ ပြည်တော်သာလမ်း (ယခင်-ရာဘာလမ်း) ရှိ ငြိမ်းချမ်းရေးကွင်း၌ ကျင်းပခဲ့သည်။

 

4

 

ရှေးဦးစွာ အခမ်းအနားမှူး သော်ဝင်ကြည် (ရေနံချောင်း) နှင့် တာဝန်ရှိသူများက သက်ကြီးစာပေ ပညာရှင်ကြီးများအား ကန်တော့ကြကာ တာဝန်ရှိသူများက အမှတ်တရ ပစ္စည်းများကို ကန်တော့ခံ ဆရာကြီး၊ ဆရာမကြီးတို့အား ပေးအပ်ကြပြီး ကန်တော့ခံ သက်ကြီး စာပေပညာရှင် ဆရာကြီး ကျော်မင်းနိုင် (သန်လျင်) က သြဝါဒစကား ပြန်လည်ပြောကြားခဲ့သည်။ 

 

5

 

ထို့နောက် မြို့နယ်စာရေးဆရာအသင်း နာယက ဆရာမကြီး ဒေါ်လှလှရီ (သန်လျင်-လှလှရီ)က သြဝါဒစကား ပြောကြားပြီး မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဖိုးစော (သန်လျင်) က စာပေဟောပြောပွဲ၊ ဆုပေးပွဲနှင့် စာပေပညာရှင်ကြီးများအား ကန်တော့ပွဲ ကျင်းပရခြင်းအား ရှင်းလင်းပြောကြားသည်။ 

 

ဆက်လက်၍ မြန်မာနိုင်ငံ စာရေးဆရာအသင်း (ဗဟို)မှ ပေးပို့သော သဝဏ်လွှာအား မြို့နယ်စာရေးဆရာ အသင်းအဖွဲ့ဝင် ဝင်းသီဟ (သန်လျင်)က ဖတ်ကြားကာ ဝတ္ထု၊ ဆောင်းပါး၊ ကဗျာ ပြိုင်ပွဲများတွင် ဆုရရှိကြသူများအား တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးကြသည်။ 

 

ယင်းနောက် သန်လျင်မြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ ဆရာ ဖိုးစော (သန်လျင်)က အချစ်နှင့် ဥပဒေ ဖြင့်လည်းကောင်း၊ ဆရာမ မိုးပန်းမွန် (ရာမည) က တန်ဖိုးရှိသောလူ ဖြင့်လည်းကောင်း၊ ဆရာပုသိမ် အောင်သန်းဦးက ကျွန်တော်ရေးသမျှ ဖတ်သမျှ ဖြင့်လည်းကောင်း စာပေရေးရာများအား ဟောပြောခဲ့ကြကြောင်း သိရသည်။ 

 

သက်ခိုင် (သန်လျင်)