ရန်ကုန်   ၉  အောက်တိုဘာ   

 

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် (၂၀၁၉)ခုနှစ် ဗဟိုအဆင့် သားဆက်ခြားခြင်းဆိုင်ရာ အထိမ်းအမှတ်နေ့ အခမ်းအနားကို အောက်တိုဘာ(၁၁)ရက် မွန်းလွဲ (၁)နာရီမှ ညနေ(၅)နာရီထိ သန်လျင်မြို့သီဟဒီပ အားကစားခန်းမတွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ အခမ်းအနားတွင် ပြခန်းများ၊ ဖျော်ဖြေရေးအစီအစဉ်များ၊ ဆုပေးပွဲနှင့် စကားဝိုင်းများဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ပြီး စကားဝိုင်းတွင်ရုပ်ရှင်သရုပ်ဆောင် မယ်လိုဒီ နှင့် ဒေါက်တာဖြိုးသီဟ တို့ကလည်းကောင်း၊ဖျော်ဖြေရေးအစီအစဉ်တွင် Myanmar Idol မှ တေးသံရှင် ဘီလီလမင်းအေး၊ ချမ်းမြေ့မောင်ချိုနှင့် ရဲနောင်တို့က ဖျော်ဖြေတင်ဆက်ကြမည် ဖြစ်ကြောင်း သိရသည်။

 

သန်းဝင်း(သန်လျင်)