ရန်ကုန် ၂၁ ဇန်နဝါရီ
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်တွင် မြို့တွင်းလမ်းများအား အဆင့်မြှင့်တင်ခြင်း၊ နိုင်လွန်ကတ္တရာ AC ထပ်ပိုးလွှာ ခင်းခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် သန်လျင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် မြို့တွင်းလမ်းများဖြစ်သော ဗိုလ်ချုပ်နေဝင်းလမ်း၊ လမ်းမတော်လမ်း၊ သိမ်ကျောင်းလမ်း၊ ပြည်တော်သာလမ်းနှင့် သီရိလမ်းတို့အား နိုင်လွန်ကတ္တရာ AC ထပ်ပိုးလွှာခင်းခြင်းများ ဆောင်ရွက်မည်ဖြစ်ပြီး ဖို့မြေလမ်းမကြီးအား ကွန်ကရစ်လမ်း တိုးချဲ့သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ မြို့တွင်းလမ်းများ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းနှင့် လမ်းတိုးချဲ့ခြင်းလုပ်ငန်းများအား စံချိန်စံညွှန်းပြည့်မီရေးနှင့် သက်မှတ်ရက်အတွင်း လုပ်ငန်းများပြီးစီးရေးတို့အတွက် သန်လျင်မြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးရဲမြင့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးသိုက်စိုးနှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးကာ လိုအပ်ချက်များကို ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သက်ခိုင် (သန်လျင်)