ရန်ကုန် ၁၇ အောက်တိုဘာ
သန်လျင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်များ မြန်မာ့ရိုးရာခြင်းလုံး အမှတ်ခတ်ပြိုင်ပွဲ ကျင်းပရေးညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းက သန်လျင်မြို့ သီဟဒီပခြင်းလုံး အားကစားရုံ၌ ကျင်းပသည်။
ရှေးဦးစွာ သန်လျင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလွင်ကိုလတ်နှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ထွန်းတို့က အဖွင့်အမှာစကားပြောကြားပြီး ပြိုင်ပွဲ ကျင်းပရေး ကော်မတီဝင်ဦးထွန်းဝင်းထွန်းက ပြိုင်ပွဲကျင်းပမည့်အစီအစဉ်နှင့် စည်းကမ်း ချက်များအား ရှင်းလင်းတင်ပြပြီး တက်ရောက်လာသူများက အကြံပြု ဆွေးနွေးတင်ပြကြသည်။
သန်လျင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်များ ရပ်ကွက်နှင့် ကျေးရွာအုပ်စုပေါင်းစုံ မြန်မာ့ရိုးရာ ခြင်းလုံးအမှတ်ခတ် ပြိုင်ပွဲကို နိုဝင်ဘာ(၂၂) နှင့် (၂၃) ရက်နေ့များတွင် သန်လျင်သီဟဒီပ အားကစား ခြင်းလုံးအားကစားရုံ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။
သန်းဝင်း(သန်လျင်)


