ရန်ကုန် ၁၁ မတ်

 

တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်စေရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ၂၀၂၀ပြည့်နှစ်တွင် ခရိုင်အတွင်းရှိ မြို့နယ်များ၌ နွေရာသီအားကစားသင်တန်းများ ဖွင့်လှစ်သွားမည်ဖြစ်ရာ သန်လျင်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ နွေရာသီအားကစားနည်း ၁၄ မျိုးအား ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

mdn

 

သန်လျင်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်စေရေးအတွက် နွေရာသီအားကစားနည်းများဖြစ်သော မြန်မာ့သိုင်း၊ ကရာတေး၊ ရေကူး၊ Fitness Dance၊ ကြက်တောင်၊ တင်းနစ်၊ ပြေးခုန်ပစ်၊ ဘော်လီဘော၊ ဘတ်စကတ်ဘော၊ ရိုးရာခြင်းလုံး၊ တိုက်ကွမ်ဒို၊ ပိုက်ကျော်ခြင်း၊ စားပွဲတင်တင်းနစ်နှင့် ဘောလုံးအားကစားနည်းများအား မတ် ၁၀ ရက်မှ ဧပြီ ၉ ရက်အထိ ဖွင့်လှစ်သင်ကြား ပေးသွားမည်ဖြစ်ရာ တက်ရောက်လိုသော အားကစားဝါသနာရှင်များအနေဖြင့် ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာန ဖုန်း- ဝ၉ ၅၁၈၃၈၈၄၊ ဝ၉ ၄၅၅၁၆၈၈၅၅နှင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန ဖုန်း- ဝ၉ ၉၆၅၇၇၈၉၀၄၊ ဝ၉ ၄၄၆၈၃၉၃၉၇ သို့ ဆက်သွယ်စာရင်းပေးသွင်းကာ တက်ရောက်နိုင်ကြောင်း သိရသည်။

 

သက်ခိုင် (သန်လျင်)