ရန်ကုန် ၇ အောက်တိုဘာ
ရန်ကုန်တောင်ပိုင်းခရိုင်၊သန်လျင်မြို့၊ မြို့မတောင်ရပ်ကွက် သီတာရေမြောင်းကြီးလမ်းမိသားစု၏ စတုတ္တ အကြိမ်မြောက်နိဗ္ဗာန်ဈေးပွဲတော်ကို အောက်တိုဘာ(၁၁)ရက် သောကြာနေ့ ညနေ (၄) နာရီတွင် သီတာရေမြောင်းကြီးလမ်းမတလျှောက်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်သည်။
ထို့အတူ အောက်တိုဘာ (၁၂)ရက်နေ့တွင် မြို့လယ်နှစ်ကျိပ်ရှစ်ဆူ ဓမ္မာရုံမှ ဗုဒ္ဓရုပ်ပွားတော်များအား လည်းကောင်း၊ အောက်တိုဘာ (၁၃)ရက်တွင် ပဲခူးစု အနောက်ခြမ်းမှ ဗုဒ္ဓရုပ်ပွားတော်များအား ကြိုဆိုပူဇော်ပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သန်းဝင်း(သန်လျင်)


