ရန်ကုန် သြဂုတ် ၂၀
ရန်ကုန်တောင်ပိုင်းခရိုင်အတွင်း သဘာဝဘေးအန္တရာယ်နှင့် အခြားသောဘေးအန္တရာယ်များ ဖြစ်ပွားပေါ်ပေါက်လာပါက အရေးပေါ် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို လျင်မြန်ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် တိုင်းဒေသကြီး မီးသတ်ဦးစီးမှူး၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် ရန်ကုန်တောင်ပိုင်းခရိုင် မီးသတ်ဦးစီးဌာနမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ အသင့်ကြိုတင်ပြင်ဆင်စုဖွဲ့စည်းကာ ခေတ်မီစက်ပစ္စည်းများဖြင့် လေ့ကျင့်ခြင်းကို သြဂုတ် ၁၉ ရက် နံနက်ပိုင်းက ခရိုင်မီးသတ်ဦးစီးဌာနဝင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
လေ့ကျင့်ရာတွင် ရန်ကုန်တောင်ပိုင်းခရိုင် မီးသတ်ဦးစီးဌာန ခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်လွင်ဦး၏ အနီးကပ်ကြီးကြပ်လမ်းညွှန်မှုဖြင့် ခရိုင်ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များက ခေတ်မီရှာဖွေ ကယ်ဆယ်ရေး စက်ကိရိယာများဖြင့် မြေပြင်ရှာဖွေကယ်ဆယ်ရေး၊ ရေပြင်ရှာဖွေကယ်ဆယ်ရေးများကို လက်တွေ့လေ့ကျင့်မှုများ ဆောင်ရွက်ခဲ့ပြီး ရန်ကုန်တောင်ပိုင်းအတွင်း သဘာဝဘေးအန္တရာယ်များနှင့် အခြားသောဘေးအန္တရာယ်များ ဖြစ်ပွားပေါ်ပေါက်လာပါက ရှာဖွေကူညီ ကယ်ဆယ်ရေး လုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ရှာဖွေကယ်ဆယ်ကူညီနိုင်ရေးအတွက် ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များက အသင့်ကြိုတင်ပြင်ဆင် လေ့ကျင့်မှုများ ဆောင်ရွက်ခြင်း ဖြစ်ကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)


