ရန်ကုန်  ၂၈  မတ်

 


ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ် တိုက်ကွမ်ဒို အားကစား ရံပုံငွေအတွက် ဂီတဖျော်ဖြေပွဲကို မတ် ၂၇ ရက် ညနေ ၆ နာရီက သီဟဒီပမိုးလုံလေလုံ အမှတ် (၁) အားကစားရုံ၌ ကျင်းပခဲ့သည်။

 

d

 

အခမ်းအနားတွင် သန်လျင်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးရဲမြင့်စိုး၊ သန်လျင်မြို့နယ် အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနေလင်းအောင်၊ သန်လျင်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုထွန်း တို့က မုဒိတာစကားများ ပြောကြားကြပြီး သန်လျင်မြို့နယ် တိုက်ကွမ်ဒိုအားကားစား ရံပုံငွေ ဂီတဖျော်ဖြေပွဲ ကျင်းပရေးအဖွဲ့ ဒေါ်တူတူသာက တိုက်ကွမ်ဒိ်ုအားကစား ရံပုံငွေ ဂီတဖျော်ဖြေပွဲအတွက် အဖက်ဖက်မှ ပါဝင်ကူညီပေးကြသူများအား ကျေးဇူးတင်စကား ပြောကြားသည်။

 

d

 

ထို့နောက် တိုက်ကွမ်ဒိုအားကစား မျိုးဆက်သစ်လူငယ်များက တိုက်ကွမ်ဒို အားကစားနည်းများဖြင့် လက်တွေ့သရုပ်ပြ တင်ဆက်ကြပြီး ဂီတဖျော်ဖြေပွဲကို ဆက်လက်ကျင်းပခဲ့ကြောင်း သိရသည်။

 


သက်ခိုင် (သန်လျင်)