ရန်ကုန် ၂၂ စက်တင်ဘာ
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်ပြည်သူ့ဆေးရုံကြီးတွင် စက်တင်ဘာ ၂၂ ရက် နံနက် ၉ နာရီက သန်လျင်မြို့နာရေးကူညီမှုအသင်း မေတ္တာရှင်သွေးလှူအဖွဲ့မှ ဦးဆောင်၍ စစ်ပင်ကွင်းကျေးရွာ၊ ဘယက်ကျေးရွာများမှ သွေးလှူရှင် အင်အား ၈၀ ကျော်တို့က စုပေါင်းသွေးလှူဒါန်းခဲ့သည်။
ထိုသို့ သွေးလှူဒါန်းပွဲသို့ သန်လျင်မြို့ အထွေထွေရောဂါကုဆေးရုံ ဆေးရုံအုပ်ကြီး ဒေါက်တာ တိုးတိုးနှင့် သန်လျင်မြို့နယ် နာရေးကူညီမှုအသင်းမှ ဦးတင့်အောင်တို့က လှည့်လည်ကြည့်ရှု အားပေးကာ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သက်ခိုင် (သန်လျင်)



