ရန်ကုန် ၃၁ ဒီဇင်ဘာ
သနန္တနဓမ္မပါလက(ဟိန္ဒူ)အဖွဲ့ချုပ်က ကြီးမှုး၍ ကိုဗစ်-၁၉ ဟိန္ဒူ မိသားစု ကူညီထောက်ပံ့ရေးအဖွဲ့သည် ဒီဇင်ဘာ ၃၁ ရက် ညနေပိုင်းက ဖောင်ကြီးကုသရေးစင်တာသို့ ထမင်း ဟင်းဘူး (၉၅၀) သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။
သနန္တန ဓမ္မပါလက (ဟိန္ဒူ) အဖွဲ့ချုပ် ၊ကိုဗစ် -၁၉ ဟိန္ဒူ မိသားစု ကူညီထောက်ပံ့ ရေးအဖွဲ့သည် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ရန်ကုန်အရှေ့ပိုင်းဆေးရုံကြီး(ဂန္ဒီ)၊ သင်္ဃန်းကျွန်း စံပြဆေးရုံ၊ သန်လျင်အထွေထွေ ရောဂါကုဆေးရုံနှင့် သန်လျင်မြိုနယ် အတွင်း ကန့်သတ်စောင်ကြည့်ရေး စင်တာများတွင် လိုအပ်သော ဆေးဝါးပစ္စည်းများကို လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း မြိုနယ်များရှိ ကိုဗစ်-၁၉ ရောဂါ ကန့်သတ် စောင့်ကြည့် ရေးစင်တာများ၊ မန္တလေး၊ ပဲခူး၊ ဧရာဝတီ ၊တနင်္သာရီ တိုင်းဒေသကြီးနှင့် မွန်ပြည်နယ်အတွင်း ကန့်သတ်စောင့်ကြည်ရေးစင်တာများသို့ ထမင်းဟင်းဘူးများ ကိုလည်းကောင်း၊ ကိုဗစ် -၁၉ ကာလအတွင်း စားဝတ်နေရေးခက်ခဲသော တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ အိမ်ထောင်စု ပေါင်း (၂၁၉၇) စုအတွက် အခြေခံစားသောက်ကုန်များကိုလည်းကောင်း ပေးအပ်လှူဒါန်း ခဲ့ပြီး ဖြစ်သည်။
သနန္တန ဓမ္မပါလက (ဟိန္ဒူ) အဖွဲ့ချုပ်က ကြီးမှုး၍ ကိုဗစ် -၁၉ ဟိန္ဒူ မိသားစု ကူညီထောက်ပံ့ရေးအဖွဲ့သည် ၂၀၂၀ ပြည့်နှစ် မေလမှစတင်ကာ ကန့်သတ်စောင်ကြည့်ရေး စင်တာများအတွက် ထမင်းဟင်းဘူးများ၊ ဆေးရုံ၊ ဆေးခန်းများအတွက် လိုအပ်သည့် ဆေးဝါးများ၊ ကျန်းမာရေး အထောက်အကူပြုပစ္စည်းများ လှုဒါန်းခြင်းနှင့် အခြေခံ လူတန်းစားများ အတွက်စားသောက်ကုန်များ၊ ထောက်ပံ့လှူဒါန်းခြင်းကို မြန်မာနိုင်ငံ အတွင်းရှိ ဟိန္ဒူမိသားစု ဝင်အလှုရှင်များ၏ စုပေါင်းလှုဒါန်းမှုများဖြင့် ဆောင်ရွက်ခဲ့ရာ ယနေ့အထိ ငွေကျပ် (၇၃၃) သိန်းကျော် လှုဒါန်းခဲ့ပြီဖြစ်ကြောင်း သိရသည်။
ရီရီ


