ရန်ကုန် ၁၅ သြဂုတ်

သနန္တနဓမ္မပါလက(ဟိန္ဒူ)အဖွဲ့ချုပ် ဟိန္ဒူအမျိုးသမီး(စေဝိကာ)များ ဗဟိုအဖွဲ့က မေတ္တာအခါတော်နေ့ပွဲတော် အထိမ်းအမှတ်အဖြစ် ဟိန္ဒူရိုးရာမေတ္တာကြိုး(ရာခီး) ချည်နှောင်ခြင်း အခမ်းအနားကို ယနေ့ မွန်းလွဲ ၂ နာရီက ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန (ရန်ကုန်ရုံးခွဲ) ဧည့်ခန်းမ၌ ကျင်းပရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို တက်ရောက်သည်။

ရှေးဦးစွာ ဟိန္ဒူအမျိုးသမီး(စေဝိကာ)များ ဗဟိုအဖွဲ့အတွင်းရေးမှူး ဒေါ်ဆွေဆွေမြင့်က ဟိန္ဒူရိုးရာ မေတ္တာအခါတော်နေ့ပွဲတော်အကြောင်းကို ရှင်းလင်းပြောကြားသည်။

ထို့နောက် ဟိန္ဒူအမျိုးသမီး(စေဝိကာ)များ ဗဟိုအဖွဲ့ ဥက္ကဋ္ဌ ဒေါ်နီသားနှင့် အဖွဲ့ဝင်များက ပြည်ထောင်စုဝန်ကြီးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများအား မေတ္တာကြိုး (ရာခီး) ချည်နှောင်ပေးကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက နှုတ်ခွန်းဆက် မေတ္တာစကားပြောကြားပြီး ဟိန္ဒူအမျိုးသမီး(စေဝိကာ)များ ဗဟိုအဖွဲ့က ဆုတောင်းမေတ္တာ ပို့သကြသည်။

သတင်းစဉ်

 

mdn