သံဖြူဇရပ် အထပ်သားသစ်ပါးလွှာစက်ရုံ ဘွိုင်လာမီးလောင်မှုဖြစ်ပွား

သံဖြူဇရပ် ၁၉  အောက်တိုဘာ 

သံဖြူဇရပ်မြို့နယ်၊ ဝါခရူကျေးရွာအုပ်စုနယ်မြေ၊ သံဖြူဇရပ်-ကျိုက္ခမီ ကားလမ်းဘေးရှိ၊ ကံကောင်းခြင်းရတနာ အထပ်သားသစ်ပါးလွှာ စက်ရုံဝင်းအတွင်း ယနေ့နံနက် ၈ နာရီခန့်တွင် စက်ရုံ၏ဘွိုင်လာအိုး ဆီအပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွားရာ မီးသတ်ယာဉ်(၆)စီး၊ ရေသယ်ယာဉ်(၃)စီးနှင့်အတူ မီးသတ်တပ်ဖွဲ့ဝင်(၃၀)နှင့် ရဲတပ်ဖွဲ့ဝင်များဖြင့် ငြှိမ်းသတ်မှုကြောင့် နံနက် ၈ နာရီခွဲခန့်တွင် မီးငြိမ်းသွားကြောင်း သတင်းရရှိသည်။

 

ေ

 

မီးလောင်မှုကြောင့် ဘွိုင်လာပျက်စီးဆုံးရှုံးမှုရှိခဲ့ပြီး စက်ရုံအတွင်း အခြားနေရာများသို့ ကူးစက်လောင်ကျွမ်းမှုမရှိဘဲ လူထိခိုက်မှုမရှိကြောင်းနှင့် တာဝန်ရှိသူအား အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

အေးအေးသီ (ပြန်/ဆက်)