သံဖြူဇရပ် အောက်တိုဘာ ၂၉
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင် သံဖြူဇရပ်မြို့နယ် ပြည်သူ့ဆေးရုံဝင်းအတွင်းအပြင်၌ စုပေါင်း သန်ရှင်းရေးပြုလုပ်ခြင်းကို ယနေ့ နံနက် ၇ နာရီက ဆောင်ရွက်ခဲ့ကြသည်။
စုပေါင်းသန့်ရှင်းရေးပြုလုပ်ရာတွင် သံဖြူဇရပ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ကြီကြပ်မှုဖြင့် မြို့နယ် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ် ရေးမှူးများနှင့် စာရေးဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များမှ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြပြီး အများပြည်သူနှင့် သက်ဆိုင်သည့်နေရာများတွင် မြို့ရွာသန့်ရှင်းသာရာလှပစေ ရေးအတွက် အပတ်စဉ် စနေနေ့နှင့် တနင်္ဂ နွေနေ့တိုင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်သွား မည်ဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။
အေးအေးသီ(ပြန်/ဆက်)