သံဖြူဇရပ်      ၁  ဇူလိုင်

 

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်အတွင်းရှိ  ပုံမှန်ဝင်ငွေ မရှိသော အခြေခံလူတန်းစားများအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားကို  ယမန်နေ့   မွန်းလွဲ ၁  နာရီက အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဘုရင့်နောင်ခန်းမ၌ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ရှေးဦးစွာ   မြို့နယ်အုပ်ချုပ်ရေးမှူး  ဦးသိန်းထွဋ်က အဖွင့်အမှာစကားပြောကြားပြီး   ပြည်သူ လွှတ်တော်ကိုယ်စားလှယ်  ဦးဉာဏ်ဟိန်းနှင့်  အမျိုးသားလွှတ်တော်ကိုယ်စားလှယ်  ဒေါ်မြတ်သီတာထွန်းတို့က ကိုဗစ်-၁၉ ကာလအတွင်း  လုပ်ဆောင်ပေးမှုများကို အမှာစကား ပြောကြားပြီး နိုင်ငံတော်အစိုးရမှ  ပုံမှန်ဝင်ငွေမရှိသော      အခြေခံအိမ်ထောင်စုများအတွက်  ဒုတိယအကြိမ်   အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် ၁၅၀၀၀ နှုန်းဖြင့် အိမ်ထောင်စု(၅၈၃၂) စု အတွက် ငွေကျပ် ၈၇၄၈၀၀၀၀ ကို ပံ့ပိုးပေးခဲ့ကြောင်း သိရသည်။

 

ထို့နောက်    ထောက်ပံ့ငွေများကိုပေးအပ်ရာ   ပြည်သူ့လွှတ်တော်ကိုယ်စာလှယ်    ဦးဉာဏ်ဟိန်း အမျိုးသားလွှတ်တော်ကိုယ်စာလှယ်   ဒေါ်မြတ်သီတာထွန်း၊   မြို့နယ်အုပ်ချုပ်ရေး မှူး  ဦးသိန်းထွဋ်တို့က မြို့နယ်အတွင်းရှိ  ရပ်ကွက် ၊ ကျေးရွာ (၄၁) အုပ်စုမှ အိမ်ထောင်စု (၅၈၃၂) စုအတွက် အိမ်ထောင်တစ်စုလျှင် ငွေကျပ်  ၁၅၀၀၀ နှုန်းဖြင့်  ငွေကျပ်  ၈၇၄၈၀၀၀၀ ကို ပြည်သူလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

အေးအေးသီ(ပြန်/ဆက်)