သံဖြူဇရပ် မေ ၂၄

 

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ စက်စဲကျေးရွာအုပ်စု၊ ရသေ့တောင်ကျေးရွာ၌ မေ ၂၄ ရက် နံနက် ၃ နာရီခွဲခန့်က လေဆင်နှာမောင်း တိုက်ခတ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ သဘာဝဘေးအန္တရာယ် ကျရောက်သောနေရာသို့ သံဖြူဇရပ်မြို့နယ်၊ နယ်မြေခံတပ်မှ ဗိုလ်မှူးချုပ်ထွန်းနိုင်ဦး၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မိုးလွင်၊ အဖွဲ့ဝင် ဗိုလ်မှူးသက်ထွန်းဦး၊ သံဖြူဇရပ်မြို့နယ် ယာယီရဲမှူး ထွန်းထွန်းဝင်း၊ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်ဘေးစီမံအဖွဲ့တို့နှင့် သွားရောက်ကြည့်ရှုခဲ့ပြီး လေဘေးကြောင့် ဓနိမိုး၊ ထရံကာ အိမ် သုံးလုံး ပြိုကျပျက်စီးခဲ့သည်။  ဘုန်းကြီးကျောင်းအပါအဝင် အိမ် ၁၈ လုံးမှ သွပ်စုစုပေါင်း ၂၀၆ ချပ် ပျက်စီးဆုံးရှုံးခဲ့ပြီး လူနှင့်တိရစ္ဆာန် ထိခိုက်/သေဆုံးမှု မရှိကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)