သံဖြူဇရပ် ဒီဇင်ဘာ ၃၁

 

ပြည်သူ့အကျိုးပြုလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းစေရန်ရည်ရွယ်၍ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၌ (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် မြို့နယ်ကုတင်(၅၀)ဆံ့ပြည်သူ့ဆေးရုံကြီးတွင် ဒီဇင်ဘာ ၃၁ ရက် နံနက် ၇ နာရီကစုပေါင်းသန့်ရှင်းရေးဆောင်ရွက်ကြသည်။

 

စုပေါင်းဆောင်ရွက်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မိုးလွင်နှင့်မြို့နယ်ကျန်းမာရေးဦးစီးမှူး ဒေါက်တာမင်းသန့်ဇင်တို့၏ ကြီးကြပ်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများ၊ ကျန်းမာရေး ဦးစီးဌာနဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက် (၁၀)ရပ်ကွက်မှ အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများပူးပေါင်း၍ အင်အား(၁၅၀)ခန့်သည် ဆေးရုံကြီးအတွင်း၊ အပြင် ပေါက်ရောက်နေသော မြက်၊ ချုံနွယ်ပိတ်ပေါင်းများ၊ သစ်ပင်သစ်ကိုင်များ၊ ဆူးညှောင့်များနှင့် အမှိုက်သရိုက်များရှင်းလင်းခြင်းကို စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

အေးအေးမွန်(ပြန်/ဆက်)