သံဖြူဇရပ် ဒီဇင်ဘာ ၂၅
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် သာသနာရေး ဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် အဘိဓမ္မာနှင့် ဝိသုဒ္ဓိမဂ် ရေးဖြေစာမေးပွဲကို မြို့တော်ဦး ပရိယတ္တိစာသင်တိုက်၌ ဒီဇင်ဘာ ၂၄ ရက်က စတင်ဖြေဆိုကြသည်။
အဆိုပါ စာမေးပွဲဖြေဆိုရာတွင် မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌနှင့် အကျိုးတော်ဆောင်ဆရာတော်များက ကြီးကြပ်ပေးပြီး မြို့နယ် သာသနာရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ စာမေးပွဲကျင်းပရေး ကော်မတီဝင်များနှင့် အလှူရှင်များက ပံ့ပိုးကူညီဆောင်ရွက်ပေးသည်။
အဘိဓမ္မာနှင့် ဝိသုဒ္ဓိမဂ် စာမေးပွဲဖြေဆိုရာတွင် အဘိဓမ္မာပထမအဆင့်၊ ဒုတိယအဆင့်၊ တတိယအဆင့် ဖြေဆိုသူများနှင့် ဝိသုဒ္ဓိမဂ်သို့ဖြေဆိုသူ လူပုဂ္ဂိုလ် ၄၇ ဦး ဝင်ရောက်ဖြေဆိုကြပြီး စာမေးပွဲကို ဒီဇင်ဘာ ၂၆ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။
အေးအေးမွန်(ပြန်/ဆက်)