သံဖြူဇရပ် အောက်တိုဘာ ၁၇
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်တွင် အောက်တိုဘာ ၁၇ ရက် နံနက်ပိုင်းမှစတင်ကာ ပထမနေ့အဖြစ် ဆေးထိုးအဖွဲ့ ခုနစ်ဖွဲ့နှင့် ဆေးထိုးစုရပ် ခုနစ်နေရာ၌ ထိုးနှံပေးလျက်ရှိသည်။
အဆိုပါ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးကို စုရပ် ခုနစ်နေရာတွင် အခြေခံပညာကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းနှင့် ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းတို့မှ ကျောင်းသား ကျောင်းသူ ၆၅၆၉ ဦးတို့အား ထိုးနှံပေးရန် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမ ှသိရသည်။
သီတာဝင်း(ပြန်/ဆက်)


