သံဖြူဇရပ် ဒီဇင်ဘာ ၁၃


ပွင့်လင်းရာသီ ရောက်ရှိလာပြီးဖြစ်၍   ပြည်သူများ မီးသုံးစွဲရာတွင်  ပေါ့ဆမှုမဖြစ်စေရေး ကြိုတင်ကာကွယ်နိုင်ရန်နှင့် မီးဘေးအန္တရာယ်မဖြစ်ပွားစေရေးတို့အတွက် ယမန်နေ့ညနေ၄ နာရီက မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် မီးသတ်ဦးစီးဌာန တာဝန်ရှိသူများက  အရှိန်အဟုန်မပြတ် လိုက်လံ နှိုးဆော်ကြောင်း သိရသည်။
       

ထိုသို့ လိုက်လံနှိုးဆော်ရာတွင်  မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များက ရပ်ကွက်နေပြည်သူများထင်း၊ မီးသွေးလောင်စာ အသုံးပြုနေအိမ်များအား မီးကြွင်းမကျန်ရှိစေရေး လျှပ်စစ်ဓာတ်အားရယူတပ်ဆင် အသုံးပြုသူများအား   ဟောင်းနွမ်းဝါယာကြိုးများ  ပေါက်ပြဲပျက်စီးနေပါက အသစ်လဲလှယ်တပ်ဆင် အသုံးပြုသွားကြရန်နှင့် ချက်ပြုတ်ပြီးလျှင်ဖြစ်စေ  အိမ်ပြင်ပထွက်ခွာလျှင်ဖြစ်စေ  မိန်းခလုတ်ချထား ပြီးမှ   ထွက်သင့်ကြောင်းတို့ကို  အသိပညာပေးပြောကြားခဲ့ပြီး၊  မိမိနေအိမ်များတွင်လည်း   မီးချိတ်၊ မီးကတ်၊  သဲပုံး၊ ရေပုံး၊ မီးသတ်ဆေးဘူးများ  မီးဘေးလုံခြုံရေးဆိုင်ရာ  အသုံးအဆောင်များ ထားရှိကြရေးတို့ကို လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။

အေးအေးမွန်(ပြန်/ဆက်)