သံဖြူဇရပ် မေ ၁၃

 

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်၌ မြို့နယ်ရဲတပ်ဖွဲ့မှ မှုခင်းကျဆင်းရေး အသိပညာပေး ဟောပြောခြင်းကို မေ ၁၂ ရက်မွန်းလွဲပိုင်းက ကြံ့ခိုင်ရေးရပ်ကွက်နှင့် အောင်ချမ်းသာရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတို့၌ ဆောင်ရွက်ခဲ့ကြသည်။

 

အသိပညာပေးဟောပြော

အဆိုပါ အသိပညာပေးဟောပြောပွဲကို မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မိုးမြင့်က ကြီးကြပ်၍ ဒုတိယရဲမှူး မင်းနောင်၊ ဒုတိယရဲအုပ် ဝေယျာစိုး၊ ဒုတိယရဲ အုပ်မွန်မွန်ကျော်တို့က မှုခင်းကြိုတင်ကာကွယ်ရေးအတွက် မှုခင်းကျဆင်းရေးဆိုင်ရာ သက်ငယ်မုဒိမ်းဖြစ်စဉ်ဖြစ်ရပ်များ၊ မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာပြစ်မှုပြစ်ဒဏ်များ၊ ယာဉ်စည်းကမ်း/လမ်း စည်းကမ်းဆိုင်ရာများကို အသိပညာပေးဟောပြောပြီး အိမ်တိုင်ရာရောက် အသိပညာပေးဟောပြောခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)