သံဖြူဇရပ် မေ ၉
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်တွင် မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး အတွက် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်များအား ပြည်သူများသိရှိ နိုင်စေရန် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးလုပ်ငန်းကော်မတီမှ ဦးဆောင်၍ ရပ်ကွက် များအတွင်း အသိပေးနှိုးဆော်လျက်ရှိကြောင်း သိရသည်။
အလားတူ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ဦးစီးမှူးနှင့် ဝန်ထမ်းများက သံဖြူဇရပ်မြို့နယ်အတွင်းရှိ ကမ်းနီးရေလုပ်သားကျေးရွာရှိ ရေလုပ်သားများအား မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ကမ်းနီး ငါးဖမ်းလုပ်ငန်းများ ရပ်ထားကြရန်နှင့် ငါးဖမ်းလှေများအား လုံခြုံစိတ်ချရသည့် ချောင်းများ အတွင်း ကျောက်ဆူးချထားပြီး ပျက်စီးဆုံးရှုံးမှု နည်းနိုင်သမျှ ဆောင်ရွက်ထားရှိရန် အသိပေးနှိုးဆော်ထားကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)