သံဖြူဇရပ် အောက်တိုဘာ ၁၃

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်ဆောင်ရွက်မှုဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးသူများကို ယနေ့နံနက် ၉  နာရီက သတ်မှတ်စုရပ် (၇)နေရာတွင် ဒုတိယအကြိမ်ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိသည်။

အဆိုပါ ကိုဗစ်-၁၉ ကာကွယ်ဆေးကို ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့်အညီ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ မြို့နယ်ထွေ / အုပ်ဝန်ထမ်းများနှင့် မီသတ်တပ်ဖွဲ့ဝန်ထမ်းများပူးပေါင်း၍ ကာကွယ်ဆေးလာရောက် ထိုးနှံသူများအား သွေးပေါင်ချိန်တိုင်ခြင်း၊ ကိုယ်အပူချိန်တိုင်းတာပေးခြင်းတို့ကိုဆောင်ရွက်၍ ပုံမှန်အခြေအနေရှိမှသာ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

သီတာဝင်း (ပြန်/ဆက်)