သံဖြူဇရပ် မေ ၂၁

 

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်တွင် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့တို့ ပူးပေါင်း၍ မုန်တိုင်းဘေးအန္တရာယ်နှင့် ရေဘေးအန္တရာယ်ဆိုင်ရာ ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းကို မေ ၂၁ ရက် နံနက်ပိုင်းက ပငကျေးရွာ ကြက်တညင်စေတီဓမ္မာရုံ၌ ကျင်းပသည်။

 

ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မိုးလွင်က အမှာစကားပြောကြားပြီး ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးအရာရှိ ဦးသူရဦးက မိုးကြိုကာလတွင် ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်များနှင့် ဆောင်ရန်/ရှောင်ရန်အချက်များ၊ မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူး  ဦးအောင်ကျော်ထွေးက မီးဘေးအန္တရာယ်များနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ရှာဖွေကယ်ဆယ်ရေးဆောင်ရွက်ပုံနည်းစနစ်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးစိုးမင်းက သဘာဝဘေးဖြစ်ပေါ်လာပါက ရှေးဦးပြုစုဆောင်ရွက်မှုများ နှင့်ပတ်သက်၍ ဆောင်ရွက်ရမည့်နည်းလမ်းများကို သရုပ်ပြခြင်းများဆောင်ရွက်ခဲ့ကြပြီး မုန်တိုင်းဘေးအန္တရာယ်နှင့် ရေဘေးအန္တရာယ်များ ဖြစ်ပေါ်လာပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ စနစ်တကျဆောင်ရွက်နိုင်ရေးအတွက် သဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)