သံဖြူဇရပ် ၁ နိုဝင်ဘာ
မော်လမြိုင်ခရိုင် သံဖြူဇရပ်မြို့နယ် အတွင်းရှိ ပြည်သူများအား မိုဘိုင်းဖုန်းများတွင် မြန်မာယူနီကုဒ်စနစ် ပြောင်းလဲအသုံးပြုနိုင်ရေးအတွက် အခမဲ့ ဝန်ဆောင်မှုပေးခြင်းကို သံဖြူဇရပ်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ် မိုဘိုင်းလုပ်ငန်းရှင်များ အသင်းတို့ ပူးပေါင်း၍ ယနေ့ နံနက် ၁၁ နာရီက မြို့နယ် လူထုအခြေပြုဗဟိုဌာန တွင် ပြုလုပ်ခဲ့သည်။
အဆိုပါ ယူနီကုဒ်စနစ် ပြောင်းလဲခြင်း အခမဲ့ ဝန်ဆောင်မှုလုပ်ငန်းတွင် ယူနီကုဒ်စနစ် ပြောင်းလဲအ သုံးပြုမည့် ပြည်သူများမှ မိမိတို့ကိုင်ဆောင်သည့် မည်သည့်ဖုန်း အမျိုးအစားကိုမဆို ယူနီကုဒ်စနစ် အလွယ်တကူ ပြောင်းလဲ အသုံးပြုနိုင်ရေးအတွက် ကျွမ်းကျင်သူများက တစ်ဦးချင်း အလိုက်ပြသပေးပြီး တက်ရောက်လာသူများက မြန်မာယူနီကုဒ်စနစ် နှင့်ပတ်သက်၍ သိရှိလိုသည်များ မေးမြန်းခဲ့ကြကြောင်း သိရသည်။
အေးအေးသီ


