သံဖြူဇရပ် ၁ နိုဝင်ဘာ
မော်လမြိုင်ခရိုင် သံဖြူဇရပ်မြို့နယ်အတွင်းရှိ ပြည်သူများအား မိုဘိုင်းဖုန်းများတွင် မြန်မာယူနီကုဒ်စနစ် ပြောင်းလဲအသုံးပြုနိုင်ရေးအတွက် အခမဲ့ဝန်ဆောင်မှုပေးခြင်းကို သံဖြူဇရပ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်မိုဘိုင်းလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ ယနေ့ နံနက် ၁၁ နာရီက မြို့နယ်လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ပြုလုပ်ခဲ့သည်။
အဆိုပါယူနီကုဒ်စနစ် ပြောင်းလဲခြင်း အခမဲ့ဝန်ဆောင်မှုလုပ်ငန်းတွင် ယူနီကုဒ်စနစ် ပြောင်းလဲအသုံးပြုမည့်ပြည်သူများမှ မိမိတို့ကိုင်ဆောင်သည့် မည်သည့်ဖုန်းအမျိုးအစားကိုမဆို ယူနီကုဒ်စနစ် အလွယ်တကူ ပြောင်းလဲအသုံးပြုနိုင်ရေးအတွက် တာဝန်ရှိသူများမှ တစ်ဦးချင်းအလိုက် ပြသပေးပြီး တက်ရောက်လာသူများက မြန်မာယူနီကုဒ်စနစ်နှင့်ပတ်သက်၍ မိမိတို့သိရှိလိုသည်များ မေးမြန်းခဲ့ကြကြောင်း သိရသည်။
အေးအေးသီ


