သံဖြူဇရပ် ၃၀  အောက်တိုဘာ 

 

မြန်မာစာပေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာစာ၊ မြန်မာစကား အနက်အဓိပ္ပာယ် အသုံးအနှုန်းများကို စနစ်တကျ သုံးစွဲတတ်စေရန်နှင့် စဉ်းစားဉာဏ် ရင့်သန်နိုင်စေမည့် စွမ်းရည်များကို ကျောင်းသား ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်နိုင်စေရန် ဦးတည်ချက်များဖြင့် ယနေ့ နံနက် ၉ နာရီက သံဖြူဇရပ် အထက(၁) ပညာ့ဗိမာန်ခန်းမတွင် အခြေခံပညာ မြန်မာစာ စွမ်းရည်ပြိုင်ပွဲကို ကျင်းပသည်။

 

မြန်မာစာစွမ်းရည်ပြိုင်ပွဲကို အခြေခံပညာကျောင်းသား ကျောင်းသူများမှ မြန်မာစာ၊ မြန်မာစာ ရေးသားရာတွင် ဗျည်း၊ သရ၊ အက္ခရာ၊ အသံထွက်၊ အနက်အဓိပ္ပာယ်တို့ကို မှန်ကန်တိကျစွာ ရေးသားတတ်စေရန်၊ မြန်မာစာပေ တိုးတက်ရေးအတွက် ရိုးရာပုံပြင်၊ တေးကဗျာ၊ စကားထာ၊ စကားပုံများကို ကျယ်ကျယ်ပြန့်ပြန့် လေ့လာတတ်စေရန်နှင့် မြန်မာသာသာစကားစနစ်၏ အခြေခံမူများကို နားလည်စေရန် စသည့် ရည်ရွယ်ချက်များဖြင့် မြန်မာစာအဖွဲ့နှင့် အခြေခံပညာ ဦးစီးဌာနတို့ ပူးပေါင်းကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။

 

ပြိုင်ပွဲသို့ သံဖြူဇရပ်မြို့အတွင်းရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများမှ ကျောင်းသား ကျောင်းသူ(၁၁၀)ဦးမှ ဝင်ရောက်ယှဉ်ပြိုင်ပြီး မြို့နယ်ပညာရေးမှူးဒေါက်တာ ခင်သူဇာနှင့် ဆရာ/ဆရာမများက ကြီးကြပ်ဆောင်ရွက်ပေးသည်။

 

မြို့နယ်(ပြန်/ဆက်)