သံဖြူဇရပ်  ၉  ဇွန် 

 

မွန်ပြည်နယ်  သံဖြူဇရပ်မြို့နယ်တွင် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်ဖြင့် မွန်ပြည်နယ် ဖွံ့ဖြိုးမှု မိတ်ဖက် အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး ကိုဗစ် - ၁၉ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေးအဖြစ် မြို့နယ်လူမှုရေး အသင်းအဖွဲ့များနှင့် UNDP   တို့ပူးပေါင်းပြီး   Mask၊  ကာပေါ်လိပ်ဆပ်ပြာနှင့် လက်ကမ်း စာစောင်များကို ယနေ့နံနက်ပိုင်းက မြို့ပေါ်နှင့် ကျေးရွာ(၄)နေရာ၌ အခမဲ့ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

 

ကိုဗစ်  -  ၁၉    အသိပညာပေး   မြှင့်တင်ခြင်း   အစီအစဉ်တွင်     UNDP   မြို့နယ်တာဝန်ခံ ဒေါ်နှင်းနုရည်နှင့်  သံဖြူဇရပ်မြို့နယ်အတွင်းရှိ ပရဟိတလူမှုရေးအသင်းအဖွဲ့ဝင်များနှင့် အရပ်ဘက် လူမှုအဖွဲ့အစည်းများက  သံဖြူဇရပ်မြို့နယ်ရှိ  စက်သစ်ရပ်ကွက်၊ အောင်ဇေယျ တိုးချဲ့ဈေး၊ ပငကျေးရွာ ဈေး၊ ဝဲရက်ကျေးရွာတို့တွင်  ဈေးသူဈေးသားများ၊ ဈေးဝယ်သူများနှင့်ပြည်သူများအား ယနေ့တွင် နေရာလေးနေရာတို့တွင် Mask  (၂၀ဝ၀) ၊ ကာပေါ်လိပ်ဆပ်ပြာ (၁၀ဝ၀)နှင့် လက်ကမ်း စာစောင်များ ဝေငှပေးခဲ့ရာ   ဇွန် (၈)  ရက်မှ  (၁၂)   ရက်အထိ ငါးရက်တာ အသိပညာပေး လုပ်ငန်းများကို လူစည်ကားရာနေရာနှင့်   ရပ်ကွက်ကျေးရွာများတွင်   ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း    သိရသည်။

 

အောင်မျိုးဝင်းပြန်/ဆက်