သံဖြူဇရပ်     အောက်တိုဘာ   ၁၉

 

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်တွင် Stay  at Home သတ်မှတ်ထားသည့် ကာလအတွင်း ကိုဗစ်- ၁၉ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးနှင့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရန်နှင့် ပူးပေါင်းပါဝင်နိုင်ရန်  အသိပညာပေး နှိုးဆော်ချက်များကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အောက်တိုဘာ ၁၉ ရက်   ၉  နာရီမှစ၍ လူစည်းကားရာလမ်းဆုံ၊ လမ်းဂွနေရာများတွင် လှည့်လည်နှိုးဆော်ခဲ့ကြောင်း သိရသည်။

 

ထိုသို့   လှည့်လည်နှိုးဆော်ရာတွင်   ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်စေရေးနှင့် ကြိုတင်ကာကွယ်ရေးတို့အတွက် မိမိတို့အိမ်အတွင်း၌သာ နေထိုင်ကြရန်၊ မလိုအပ်ဘဲ အပြင်သို့လုံးဝမထွက်ကြရန်၊ မဖြစ်မနေထွက်ရပါက  ပါးစပ်နှင့်နှာခေါင်းစည်း( Mask  ) စနစ်တကျတပ်ဆင်ရန်၊ လူအများနှင့် ထိတွေ့ဆက်ဆံပါက မျက်နှာအကာ (Face  Shield) ကို တပ်ဆင်ရန်၊ လက်ကိုဆပ်ပြာနှင့်စက္ကန့်(၂၀)ကြာ မကြာခဏ စနစ်တကျဆေးကြောရန်၊    သက်ကြီးရွယ်အိုနှင့် နာတာရှည်ရောဂါဝေဒနာရှင်များရှိရာ နေအိမ်များသို့   ဝင်ထွက်သွားလာခြင်း ဂရုပြုရန်၊  ( Mask  ) နှာခေါင်းစည်း မတပ်ဆင်ထားသော ဈေးရောင်းချသူများထံမှ ဈေးမဝယ်ကြရန်၊ စားသောက်ဆိုင်နှင့်လက်ဖက်ရည်ဆိုင်များက ပါဆယ်စနစ်ဖြင့်သာ ရောင်းချရန်၊ ရောဂါကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနများသို့ သွားရောက်ဆက်သွယ်၍ မပျက်မကွက် ဆေးကုသမှုခံယူကြရန်၊ ကိုဗစ်-၁၉ ရောဂါကို လျင်မြန်စွာ အချိန်တိုအတွင်း ကာကွယ်နိုင်ရေး လုပ်ငန်းများကို မိဘပြည်သူများအားလုံးက ကိုယ်စီလိုက်နာကြပြီး ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန်၊ Hand Speaker များဖြင့် မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက လိုက်လံနှိုးဆော်ပေးခဲ့ကြောင်း သိရသည်။

 

သီတာဝင်း  (ပြန်/ဆက် )