သံဖြူဇရပ်      အောက်တိုဘာ   ၁၁

          

မွန်ပြည်နယ် ၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်တွင် ကျုံကရုတ်ကျေးရွာအုပ်စု၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးအရာရှိ  ဦးရဲလင်းအောင် ဦးဆောင်၍ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုးထုတ်ပေးရေး လုပ်ငန်းများကို   အောက်တိုဘာ  ၈  ရက် နံနက်(၁၀)နာရီ  မှ ညနေ( ၄ )နာရီ အထိကျုံကရုတ် ကျေးရွာအုပ်စု၌ ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

           

အဆိုပါ " ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်ခြင်းကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ညွှန်ကြားချက်နှင့်အညီ ၁၀ နှစ်အထက် နိုင်ငံသားကတ်ကိုင်ဆောင်မှု ၃(က)တွင် ကျား(၇)ဦး၊မ(၁၁)ဦး၊၁၈နှစ်နှင့်အထက် နိုင်ငံသားကတ်ကိုင်ဆောင်မှု   ၆(က)တွင်  ကျား(၁၂)ဦး ၊  မ ( ၁၆ )ဦး ၊   ၁၀နှစ်မှ၁၈နှစ်ပြည့် လဲလှယ်ရာတွင် ကျား(၁၆)ဦး၊ မ(၁၆)ဦး နှင့် ပျောက်ဆုံး၊ပျက်စီးထုတ်ပေးခြင်းတွင် ကျား(၁၄)ဦး ၊ မ(၁၃)ဦး ကတ်အမျိုးမျိုးဆောင်ရွက်ပေးလျက်ရှိရာ ကျုံကရုတ်ကျေးရွာအုပ်စုတွင် ကျား(၄၉ )ဦး ၊ မ(၅၆ )ဦးနှင့်စုစုပေါင်း ( ၁၀၅) ဆောင်ရွက်ပေးပြီးဖြစ်ကြောင်း သိရသည်။

                                                                  

သီတာဝင်း (ပြန်/ဆက်)