သံဖြူဇရပ်      ဇွန်       ၂၂

 

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ဝဲကလိကျေးရွာအုပ်စုရှိ တောင်သူတစ်ဦး၏ လယ်ယာမြေ၌ မျိုးစေ့ချကိရိယာ(Seeder)ဖြင့် စိုက်ပျိုးခြင်း တောင်သူပညာပေးသရုပ်ပြပွဲကို ယနေ့ နံနက် ၇ နာရီက ပြုလုပ်ခဲ့ပြီး မျိုးစေ့ချကိရိယာပေးအပ်ပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဘုရင့်နောင်ခန်းမတွင် ပေးအပ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ ကွင်းသရုပ်ပြပွဲကို တောင်သူ‌ ဦးခင်ဇော်၏ လယ်မြေ၌ ပေါ်ဆန်းရင်မျိုးစပါးအား  (Seeder) မျိုးစေ့ချကိရိယာဖြင့် စပါးမျိုးစေ့ချစိုက်ပျိုးမှုကို ဆောင်ရွက်ခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအဖွဲ့ဝင်များနှင့် တောင်သူများ တတ်ရောက်ခဲ့ကြသည်။

 

ထို့နောက် နံနက် ၉ နာရီခန့်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဘုရင့်နောင်ခန်းမရှစ်တန်းသွားလက်ဆွဲမျိုးစေ့ချ ကိရိယာ(seeder) စုစုပေါင်း ၂၀ ခုကို ကျေးရွာ ၁၅ ရွာမှ အုပ်ချုပ်ရေးမှူးများနှင့် တောင်သူများအား တာဝန်ရှိသူများက ပေးအပ်ခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မိုးလွင် က အမှာစကားပြောကြားကာ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးကျင်သိန်းက စပါးမျိုးစေ့ချကိရိယာ(seeder) နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

မသီ(ပြန်/ဆက်)