နေပြည်တော် ၁ နိုဝင်ဘာ
မွန်ပြည်နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၃၁ ရက် မွန်းတည့် ၁၂ နာရီတွင် သံဖြူဇရပ်မြို့နယ်၊ စခမ်းကြီးကျေးရွာအုပ်စု၊ မရှိခဏကျေးရွာ၊ သံဖြူဇရပ်-ရေးသွား ကားလမ်းတွင် စောမိုးမင်းဝင်း မောင်းနှင်လာသော Honda Fit အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ငွေကျပ်သိန်း ၁၁၁၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂၂၂၀၀၊ မြန်မာငွေကျပ် ၅၀၀၀၀ တို့ကို သိမ်းဆည်းရမိခဲ့သည်။
အလားတူ ယင်းနေ့နံနက်ပိုင်းက မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ တာချီလိတ်မြို့နယ်၊ မယ်လိတ်ပါကော်- ဝမ် ဆောက်ခုံကျေးရွာသွားလမ်းတွင် D-MAX Double Cab အမျိုးအစား မော်တော်ယာဉ်အားစစ်ဆေးရန် ရပ်တန့်ခိုင်းစဉ် ရပ်တန့်ခြင်းမရှိဘဲ မောင်းနှင် ထွက်ပြေးသွားသဖြင့် ပူးပေါင်းအဖွဲ့မှလိုက်လံဖမ်းဆီးရာ မြို့ရှောင်လမ်းအနီး၌ မော်တော်ယာဉ်အားရပ်တန့်ကာ ယာဉ်ပေါ်မှ အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦးတို့မှာ ထွက်ပြေးသွားသောကြောင့် အဆိုပါမော်တော်ယာဉ်အား စစ်ဆေးရှာဖွေရာ ငွေကျပ်သိန်း ၂၁၄၂၀ တန်ဖိုးရှိ ကတ်တမင်း ၂၅၂ ကီလို သိမ်းဆည်းရမိခဲ့သဖြင့် ယင်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။
ရဲပြန်ကြား