သံဖြူဇရပ် ၁၄ ဒီဇင်ဘာ
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ဝဲကဝါကျေးရွာအုပ်စု ကွင်းအမှတ် ၁၃၁၅၊ ဘီစခပ် အရှေ့ ဦးပိုင် ၃၆-က၊ မြေဧရိယာ ၃ ဒသမ ၁၆၅ အနက်မှ၊ စွန့်လွှတ်မြေဧရိယာ သုည ဒသမ ၅၀ ဧကရှိ မြေအား၊ ဒေါ်ခင်သီစိုးပါ (၄)ဦးထံသို့ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို မြို့နယ်အထွေေထွအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။
အခမ်းအနားသို့ မွန်ပြည်နယ်အစိုးရအဖွဲ့ စိုက်ပျိုးရေး၊ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်မြတ်သီတာထွန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းထွဋ်နှင့် လယ်ယာမြေ စီမံခန့်ခွဲမှု ကော်မတီဝင်များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ မြေလွှဲပြောင်းလက်ခံရယူမည့်သူများ တက်ရောက်သည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီး ဦးထွန်းဌေးနှင့် အမျိုးသား လွှတ်တော်ကိုယ်စားလှယ်တို့မှ စွန့်လွှတ်မြေ ပြန်လည်လွှဲပြောင်းပေးအပ်ခြင်း လုပ်ငန်းဆောင်ရွက်မှုများအား အသိပေးပြောကြားသည်။ ယင်းနောက် မြို့နယ်လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ အဖွဲ့ဝင်များမှ၊ ဒေါ်ခင်သီစိုးပါ (၄) ဦးတို့အား စွန့်လွှတ်မြေ သုည ဒသမ ၅၀ ဧကအား လွှဲပြောင်းခြင်းနှင့် စပ်လျဉ်းသည့် စာရွက်စာရွက်စာတမ်းများ ပေးအပ်ပြီး လွှဲပြောင်းလက်ခံရရှိသူများမှ ကျေးဇူးတင်စကား ပြောကြားကြောင်း သိရသည်။
ကျော်ဝင်း(သံဖြူဇရပ်)