သံဖြူဇရပ် ၆ မတ်

 

သံဖြူဇရပ်-ကျိုက္ခမီသွားကားလမ်းမိုင်တိုင်အမှတ် ဝ/၆ နှင့် ဝ/၇ အကြား လမ်းမကြီးပေါ်တွင် ယနေ့နံနက်က ဆိုင်ကယ်နှစ်စီး မျက်နှာချင်းဆိုင်တိုက်မိရာ စီးနင်းလိုက်ပါလာသူ လေးဦးလုံး သေဆုံးခဲ့ကြောင်း သိရသည်။


ရဲတပ်ဖွဲ့တာဝန်ရှိသူများမှ အခင်းဖြစ်စဉ်အား   အသေးစိတ်စစ်ဆေးခဲ့ရာ စက်စဲဘက်သို့ ဦးတည် မောင်းနှင်လာသည့် ၆၆/ယ --- ဆိုင်ကယ်အား   အာကာဖြိုးမှ မောင်းနှင်ပြီး အရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဉ်ကြောသို့ ရောက်ရှိကာ မျက်နှာချင်းဆိုင်မှမောင်းနှင်လာသည့် နံပါတ်မပါ CANDA 125 ဆိုင်ကယ်အား အရှိန်ပြင်းစွာ ဝင်တိုက်သဖြင့် ဆိုင်ကယ်နှစ်စီးစလုံးတိမ်းမှောက်ပြီး စီးနင်းလာသူ လေးဦးစလုံးသေဆုံးခြင်းဖြစ်ကြောင်း သုံးသပ်ရရှိပြီး သေဆုံးသူများအား သံဖြူဇရပ်မြို့နယ် ပြည်သူ့ဆေးရုံသို့ပို့ဆောင်ခဲ့သည်။ 


ဖြစ်စဉ်နှင့် ပတ်သက်၍ သံဖြူဇရပ်မြို့မရဲစခန်းမှ အမှုဖွင့်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


မြို့နယ်ပြန်/ဆက်