သနပ်ပင် ဇွန် ၇
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် အခြေခံပညာအထက်တန်းကျောင်း(သနပ်ပင်) သို့ရောက်ရှိပြီး တိုင်းဒေသကြီး အစိုးရ ခွင့်ပြုရန်ပုံငွေဖြင့် ကျောင်းအတွင်း ရေဝင်ရောက်မှုကာကွယ်ရန် မြေဖို့ဆောင်ရွက်ပြီး စီးမှု၊ အသက်(၅)နှစ်မှ (၁၂)နှစ်အထိ ကျောင်းသား/သူ ကလေးငယ်များ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံနေမှုနှင့် ပျော်ရွှင်အေးချမ်းစွာ ပညာသင်ကြားနေမှုများကို ကြည့်ရှု အားပေးပြီး ကိုဗစ်-၁၉ရောဂါ စည်းကမ်းချက်နှင့်အညီ ပညာသင်ကြားနိုင်ရေးနှင့် လုံခြုံရေး အလေးထား ဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားကာ အားကစားအထောက် အကူပြုပစ္စည်းများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် မွန်းမံသင်တန်းတက်ရောက်နေသော သစ်လွင် ဆရာ/ဆရာမများအတွက် ထောက်ပံ့ငွေများ ပေးအပ်သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် သနပ်ပင်မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနသို့ သွားရောက်ရှိပြီး ငါးကြင်း၊ ငါးမုတ်၊ ငါးသိုင်း၊ ငါးဖယ်အောင်း၊ တောင်ပေါ်ငါးသလောက်နှင့် ငါးခုံးမကြီးများ မျိုးငါးမွေးမြူထားရှိမှုနှင့် ငါးသားပေါက်များ မွေးမြူထားရှိမှုကိုလည်းကောင်း၊ (ပဲခူး-သနပ်ပင်-ခရမ်း-သံလျင်) လမ်းပေါ်ရှိ မြို့တွင်းတံတား တည်ဆောက်နေမှု ကိုလည်း ကောင်း၊ သနပ်ပင်မြို့၊ ဈေးပိုင်းရပ်ကွက်နေ ဦးမောင်၏ နေအိမ်၌ ဇီဝဇိုးငှက် သဘာဝအတိုင်း မွေးမြူထားရှိမှုကိုလည်းကောင်း၊ သနပ်ပင်မြို့အဝင် ဘုရားကြီးပိုင်း ကန်ညီနောင်၌ မိုးရာသီ သစ်ပင်စိုက်ပျိုးနေမှုကိုလည်းကောင်း၊ ပဲခူးမြို့၊ ဟင်္သာကုန်းဓါတ်လှေကားတည် ဆောက်နေမှု၊ ပဲခူးမြို့မဈေး(၂)ထပ်ဆောင်နှင့် ဗဟိုကုန်စိမ်းသားငါးဈေး သို့လည်းကောင်း ကြည့်ရှုအားပေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားသည်။
(သတင်းစဉ်)