သနပ်ပင် ၁၃ မေ
ပဲခူးတိုင်းဒေသကြီး သနပ်ပင်မြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော မြစိမ်းရောင်စီမံကိန်းဝင် ကသစ်ဝိုင်ကျေးရွာ၏ စီမံကိန်းအတိုးရငွေ ၅၀ ရာခိုင်းနှုန်းမှ ငွေကျပ်သိန်း ၁၀၀ နှင့် ပြည်သူထည့်ဝင်ငွေ ၅ သိန်းကျပ် စုစုပေါင်း ကျပ်သိန်း ၁၀၅ သိန်းဖြင့် အဆိုပါကျေးရွာလမ်းတွင် မြေသာခင်းခြင်းနှင့် ဂဝံကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းကို တစ်လတာ ဆောင်ရွက်ခဲ့သည်။
အဆိုပါ ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်း ၁၀၀ ရာခိုင်နှုန်းအထိ ဆောင်ရွက်ပြီးစီးမှုအား မေလ ၁၃ ရက်နေ့က သနပ်ပင်မြို့နယ် တိုင်းဒေသကြီး(၂)လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးမြင့်အောင်၊ မြို့နယ်ကျေးလက်ဦးစီးမှူး၊ မြစိမ်းရောင်စီမံကိန်းကော်မတီဝင်များနှင့် ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင် တို့မှ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရှိရသည်။
လှမိုး(ပြန်/ဆက်)


