သနပ်ပင် ၁၅ ဇန်နဝါရီ

 

ပဲခူးတိုင်းဒေသကြီး သနပ်ပင်မြို့နယ် ကျုံပါလေးကျေးရွာ၌ ကျေးရွာမြစိမ်းရောင်စီမံကိန်း လည်ပတ် ရန်ပုံငွေ ဒုတိယအကြိမ်ပေးအပ်ပွဲကို ယနေ့ နံနက် ၉ နာရီက အဆိုပါကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းတွင် ပေးအပ်ခဲ့သည်။

 

ကျေးရွာမြစိမ်းရောင်စီမံကိန်း လည်ပတ်ရန်ပုံငွေ ဒုတိယအကြိမ်ပေးအပ်ပွဲတွင်  ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဉီးစီးမှူး ဦးဝင်းနိုင်ဦးက ကျေးလက်နေပြည်သူများ စိုက်ပျိုးရေး၊ မွေးမြူရေး၊ အရောင်းအဝယ်လုပ်ငန်းများကို တစ်ပိုင်တစ်နိုင်မှသည် စီးပွားဖြစ်လုပ်ကိုင်နိုင်စေရန် ကျေးရွာတစ်ရွာလျှင် မြစိမ်းရောင်စီမံကိန်းရန်ပုံငွေကျပ် သိန်း(၃၀ဝ)ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါကျေးရွာမြစိမ်းရောင်စီမံကိန်းဖြင့် လူမှုစီးပွားဘဝမြင့်မားလာအောင် ကျေးရွာမြစိမ်းရောင် စီမံကိန်း လည်ပတ်ရန်ပုံငွေများကို မြို့နယ်အတွင်းရှိ သတ်မှတ်ချက်နှင့်ညီသည့်ကျေးရွာများအား စီမံကိန်း ရန်ပုံငွေများ ပေးအပ်ခဲ့ရာ ကျုံပါလေးကျေးရွာတွင် ဒုတိယအကြိမ်မြောက် ကျေးရွာမြစိမ်းရောင်စီမံကိန်း လည်ပတ်ရန်ပုံငွေထုတ်ချေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

 

ထို့နောက် မြို့နယ်ဦးစီးမှူး ဦးဝင်းနိုင်ဦးနှင့် ဝန်ထမ်းများက ကြီးကြပ်ပြီး ကျေးရွာမြစိမ်းရောင် ကော်မတီဝင်များက ကျုံပါလေးကျေးရွာ အတွင်းရှိ စိုက်ပျိုးရေးလုပ်ကိုင်သူ (၃၃)ဦး၊ မွေးမြူရေးလုပ်ကိုင်သူ (၉၆)ဦးနှင့် အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူ(၁၀)ဦးတို့အား ငွေကျပ် (၃၄၃)သိန်းကို ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ ကျေးရွာမြစိမ်းရောင် စီမံကိန်း လည်ပတ်ရန်ပုံငွေဖြင့်  ၂၀၁၄-၂၀၁၅ဘဏ္ဍာရေးနှစ်မှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အထိ ကျေးရွာ(၁၉)ရွာကို အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

 

သိန်းမြင့်ကျော်(မိတ္ထီလာ)