ပဲခူး  နိုဝင်ဘာ ၅

 

ပဲခူးတိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ယနေ့ နံနက် ၉ နာရီတွင် သနပ်ပင်မြို့နယ်၊ ပဲခူး-စစ်တောင်း တူးမြောင်းအတွင်းသို့ ငါးမျိုးများစိုက်ထည့် ပေးခဲ့ကြောင်း သိရသည်။

 

အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာနမှ ဒုတိယတိုင်းဒေသကြီး ဦးစီးဌာနမှူး ဦးစိုးမင်း၊ ပဲခူးခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးဇော်မြင့်နိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) မြို့နယ် ငါးမျိုးစိုက်ထည့်ခြင်း ကြီးကြပ်ကွပ်ကဲရေးကော်မတီဥက္ကဋ္ဌ ဦးသိန်းမြင့်အေးနှင့် ဌာနဆိုင်ရာကော်မတီ အဖွဲ့ဝင်များ၊ သနပ်ပင်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှူး ဒေါ်ဆွေဆွေဝင်းနှင့်ဝန်ထမ်းများ၊ ပဲခူးငါးလုပ်ငန်း စခန်းတာဝန်ခံ၊ သနပ်ပင်ငါးလုပ်ငန်းစခန်း တာဝန်ခံနှင့်ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြပြီး၊ ပဲခူးငါးလုပ်ငန်းစခန်းမှ ၂ လက်မအရွယ် ငါးခုံးမကြီး ငါးသားပေါက်ကောင်ရေ ၁၀၀၀၀၀ နှင့် ငါးမြစ်ချင်းငါးသားပေါက်ကောင်ရေ ၁၅၀၀၀၀၊ သနပ်ပင်ငါးလုပ်ငန်း စခန်းမှ ၂ လက်မ အရွယ် ငါးခုံးမကြီး ငါးသားပေါက်ကောင်ရေ ၁၈၀၀၀၀နှင့် ငါးမြစ်ချင်း ငါးသားပေါက်ကောင်ရေ ၁၆၀၀၀၀ စုစုပေါင်းငါးသားပေါက်ကောင်ရေ ၅၉၀၀၀၀တို့အား ငါးမျိုးစိုက်ထည့်ခဲ့ကြောင်း သိရသည်။

ငါးလုပ်ငန်းဦးစီးဌာန