သနပ်ပင်   အောက်တိုဘာ ၁၅

 

ပဲခူးတိုင်းဒေသကြီး၊  ပဲခူးခရိုင်၊  သနပ်ပင်မြို့နယ် သန့်ရှင်းသာယာလှပစေရေးအတွက်  စုပေါင်းသန့်ရှင်းရေး ပြူလုပ်ခြင်းကို   မြို့အဝင်ဆိုင်းဘုတ် ‌ဝဲယာနှင့် မြို့နယ်ပညာရေးမှူးရုံးပတ်ဝန်းကျင်း စသည့်မြို့တွင်းလမ်းဆုံများ သန့်ရှင်းသာယာ လှပစေရေးအတွက် ယနေ့ နံနက် ၇ နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဠနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအသီးသီးမှ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ NGOများ၊ မြို့ပေါ်ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် ပြည်သူများ၊ တပ်မတော်သားများ စုပေါင်း၍ သန့်ရှင်းသာယာလှပစေရေးအတွက်  ပတ်ဝန်းကျင်ရှိ ခြုံနွယ်ပိတ်ပေါင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ ပိတ်ဆို့နေသော ရေနှုတ်မြောင်းများတူးဖော်ခြင်း၊  အမှိုက်သရိုက် များအား ရှင်းလင်းဆောင်ရွက်ခဲ့ကြသည်။      

 

အဆိုပါ သန့်ရှင်းရေးလုပ်ဆောင်ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် အမှိုက်သယ်ကားများဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး  မြို့နယ်အတွင်းရှိ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းကို မြို့နယ်စံအုပ်ချူပ်ရေးအဖွဲ့ဥက္ကဌ ဦးဆောင်မှုဖြင့် အပတ်စဉ်စနေနေ့တိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

လှမိုး(ပြန်/ဆက်)