သနပ်ပင် ၂၀ စက်တင်ဘာ
စက်တင်ဘာလ ၂၀ ရက်နေ့ ည ၁နာရီ အချိန်က ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ်တွင် မိုးအဆက်မပြတ်ရွာပြီး လေပြင်းတိုက်မှုကြောင့် အဆောက်အအုံများ ပျက်စီးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် ရေကျော်ကျေးရွာ၊ ဘူတာပိုင်းရပ်ကွက်၊အောက်စုရပ်ကွက်၊ စက်ကုန်းပိုင်းရပ်ကွက်၊ မြို့မရဲစခန်းဝန်ထမ်းအိမ်ယာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းအိမ်ယာ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ယာယီ မိုးလုံလေလုံခန်းမ၊ အထက တောင်ဘက်ကမ်း အဆောက်အဦးများ လူနေအိမ်များအမိုးလန်ပျက်စီး၊ သစ်ပင်များပြိုလဲခြင်းများ ဖြစ်ပေါ်ခဲ့ပြီး ပျက်စီးဆုံးရှုံးမှု စာရင်းအား အသေးစိတ်မသိရှိရသေးကြောင်း မြို့နယ်ထွေ/အုပ်ရုံးမှ သိရှိရသည်။
အပျက်အစီးများအား မြို့နယ်မီးသတ်တပ်ဖွဲ့၊ ရဲတပ်ဖွဲ့ပြည်သူလူထုတို့မှ သွားရောက် ရှင်းလင်းပေးနေကြောင်း သိရသည်။
လှမိုး(ပြန်/ဆက်)


