သံတွဲခရိုင် ကလေးစာပေပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်

သံတွဲ  ၂  အောက်တိုဘာ

 

ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်းစီစဉ်ကျင်းပမည့် သံတွဲခရိုင် ကလေးစာပေပွဲတော်ကို အောက်တိုဘာ ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် နံနက်မှ စတင်၍ ဒွါရာဝတီ မြို့နယ်ခန်းမတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။ 

 

အဆိုပါ ကလေးစာပေ ပွဲတော်တွင် သီချင်းဆိုပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ ပုံပြောပြောပြိုင်ပွဲ၊ ဆေးရောင်ချယ်ပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ဘောလုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း ပြိုင်ပွဲများ၊ ထုတ်ဆီးထိုးပြိုင်ပွဲ၊ စားပွဲတင်တင်းနစ် ပြိုင်ပွဲများအပြင် အခြားပျော်ပွဲရွှင်ပွဲများ၊ စာအုပ်အရောင်းဆိုင်များ၊ အမှတ်တရပစ္စည်း အရောင်းဆိုင်များ၊ ကျောက်ဆည်ဆင်အကနှင့် မြန်မာ Idol အဆိုရှင်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ကလေးစာပေ ပွဲတော်ကို အနာဂတ် နိုင်ငံတော်၏ တာဝန်ကို ဆက်လက်ထမ်းဆောင်မည့် မျိုးဆက်သစ် ကလေးငယ်များအား ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်စေရေး၊ စာပေဖတ်ရှုသည့် အလေ့အထများ ရရှိစေပြီး အများပြည်သူနှင့် ပူးပေါင်းဆောင်ရွက်သည့် အလေ့အကျင့်ကောင်းများရရှိကာ အမှားအမှန် ဝေဖန်ပိုင်းခြားတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရေးတို့ကို ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

 

(ခရိုင် ပြန်/ဆက်)