သံတွဲ ဇွန်  ၂၃

ရခိုင်ပြည်နယ်၊ သံတွဲမြို့တွင် ဇွန်ပထမပတ်မှစ၍ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဇွန် ၁၆ ရက် ညမှစ၍ သမိုင်းဝင် ရွှေဆံတော်စေတီရင်ပြင်ရှိ တောင်ကမ်းပါးရံများ မြေပြိုကျမှုဖြစ်ပွားခဲ့ပြီး ရွှေဆံတော်စေတီမှာ ထိခိုက်မှုမရှိဘဲ စေတီအနီးရှိ ဆောက်လုပ်လျက်ရှိသည့် သာသနိကအဆောက်အဦ အောက်ခြေနံရံများ ပြိုကျခဲ့ကာ အဆောက်အဦ ကွဲအက်ပြိုကျမှုများ ပြန်လည်ပြုပြင်ရေးကော်မတီ ညှိနှိုင်းအစည်းအဝေးကို ဇွန် ၂၃ ရက် နံနက် ၉ နာရီခွဲက အဆိုပါရင်ပြင်ဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။

ဦးစွာ ရွှေဆံတော်စေတီ ဦးစီးပဓာန နာယက၊ သိမ်ကုန်းကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တတေဇိန္ဒက ရွှေဆံတော် စေတီရင်ပြင်ရှိ တောင်ကမ်းပါးရံများ မြေပြိုကျမှုနှင့် ဆောက်လုပ်လျက်ရှိသည့် သာသနိကအဆောက်အဦအား အမြန်ဆုံးပြုပြင်နိုင်ရေးအတွက် လိုအပ်သည်များကို မိန့်ကြားတော်မူသည်။ ထို့နောက် တည်ဆောက်ပြုပြင် ထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီးဝင်းဗိုလ်က ဖွဲ့စည်းတာဝန်ပေးအပ်ထားသည့် ကော်မတီများအားလုံး ပူးပေါင်း၍ ပြုပြင်တည်ဆောက်ရေးလုပ်ငန်းများနှင့် မြေထိန်းနံရံဆောက်လုပ်ရေးလုပ်ငန်းများ အမြန်ဆုံး ဆောင်ရွက်နိုင်ရေးအတွက် ဒီဇိုင်းပုံများ ပြန်လည်ရေးဆွဲခြင်းနှင့် ရန်ပုံငွေများရရှိရေးတို့ကို ညှိနှိုင်းဆွေးနွေးခဲ့သည်။

ဆက်လက်၍ ကော်မတီအသီးသီးမှ ပြုပြင်တည်ဆောက်ရေးနှင့် ရန်ပုံငွေရရှိရေးအတွက် အကြံပြုတင်ပြကြရာ တည်ဆောက်ပြုပြင်ထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီးဝင်းဗိုလ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)

mdn