နေပြည်တော်၊ အောက်တိုဘာ ၇
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၌ အောက်တိုဘာ ၆ ရက်က မိုးကြိုးပစ်ခံရမှုကြောင့် စက်လှေပေါ်ရှိ လူ နှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရကာ တစ်ဦးရေနစ်ပျောက်ဆုံးနေကြောင်း သိရသည်။
အောက်တိုဘာလ ၆ ရက် မွန်းလွဲ ၃ နာရီက သံတွဲမြို့နယ်၊ ဥယျဉ်ကွင်း ကျေးရွာနေ ဦးသန်းရွှေ (၄၅) နှစ်မောင်းနှင်ပြီး ဇနီးဖြစ်သူ မအေးအေးအောင်နှင့် (၂) နှစ် အရွယ်သား တစ်ဦး၊(၅) နှစ်အရွယ်သားတစ်ဦးတို့ လိုက်ပါလာသော စက်လှေသည် သံတွဲမြို့မှ သံတွဲချောင်းအတိုင်း ပြန်လာစဉ် ကျောင်းတော်ကျေးရွာအနီး၌ မိုးကြိုးပစ်ခံရမှုကြောင့် ဦးသန်းရွှေမှာ ရေထဲပြုတ်ကျ ပျောက်ဆုံးခဲ့ကြောင်း၊ မအေးအေးအောင်နှင့် (၂) နှစ်အရွယ်သားတစ်ဦး သေဆုံးခဲ့ပြီး (၅) နှစ်အရွယ်သားတစ်ဦးမှာ ဒဏ်ရာများရရှိခဲ့သဖြင့် သံတွဲဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်းနှင့် ရေနစ်ပျောက်ဆုံးလျက်ရှိသည့် ဦးသန်းရွှေအား တာဝန်ရှိသူများမှ လိုက်လံ ရှာဖွေလျက်ရှိကြောင်း သတင်းရရှိသည်။
ရဲပြန်ကြား