သံတွဲ    မေ  ၆

 

သံတွဲခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးဌာနမှ ဝန်ထမ်းများနှင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့နှင့် မြို့နယ် အမျိုးသမီး ရေးရာအဖွဲ့၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဝန်ထမ်းများပူးပေါင်း၍ ယနေ့ နံနက်ပိုင်းက သံတွဲမြို့၊ ဒွါရာဝတီမြို့မစျေးကြီးတွင် ပြည်သူများအား မုန်တိုင်းဘေးအန္တရာယ် အသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်းကို ဆောင်ရွက်ခဲ့ကြသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် ဈေးရောင်း ဈေးဝယ်ပြည်သူများအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနမှ ထုတ်ဝေသည့် မုန်တိုင်းအတွက် ကြိုတင်ပြင်ဆင်ရန်များ၊ မုန်တိုင်း သတိပေးချက်ရလျှင် ဆောင်ရွက်ရန်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်နေစဉ်တွင် လိုက်နာရန်အချက်များ၊ ရှောင်ရှားသင့်သည့်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်ပြီးချိန်တွင် ပြုလုပ်ရန်အချက်များ စသည့်အချက် များပါဝင်သည့် လက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့ကြပြီး မွန်းလွဲ ၁ နာရီတွင် သဘာဝဘေးအန္တရာယ် အသိပညာပေးဟောပြောပွဲကို အမှတ်(၇)ရပ်ကွက်တွင် ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

နေမျိုးအောင်(ပြန်/ဆက်)