သံတွဲ မေ ၁၅

 

သံတွဲမြို့နယ်အတွင်း “မိုခါ” မုန်တိုင်းတိုက်ခတ်မှုကြောင့် လဲကျ၊ ကျိုးပဲ့နေသော သစ်ပင်များအား ခုတ်ထွင်ရှင်းလင်းရေး ဆောင်ရွက်မှုများကို ယမန်နေ့ ညနေမှစ၍ သံတွဲမြို့နယ် မီးသတ်တပ်ဖွဲ့နှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် ငပလီမြို့၊ ဇီးဖြူကုန်းရပ်ကွက်၊ သံတွဲမြို့ အမှတ်(၈)ရပ်ကွက် မင်းဘာကြီးလမ်း၊ ငပလီမြို့ လင်းသာရပ်ကွက်နှင့် အမှတ်(၄)ရပ်ကွက် ဗိုလ်ကုန်းတို့တွင် လဲကျနေသော သစ်ပင်များ၊ လဲကျပြီးအိမ်များကို ပိနေသော အုန်းပင်၊ သစ်ပင်များကို မြို့နယ်ဦးစီးမှူး ဦးနေလင်းကျော် ဦးဆောင်သော တပ်ဖွဲ့ဝင် ၁၅ ဦး၊ အရန်တပ်ဖွဲ့ဝင် ၅ ဦးတို့သည် လူမှုရေးအသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ယနေ့နံနက် ၇ နာရီမှစတင်၍ ကယ်ဆယ်ရှင်းလင်းရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။

 

ခရိုင်(ပြန်/ဆက်)